Site Menu |  |
| |
 | |
Section categories |  |
| |
 | |
Search |  |
| |
 | |
Login form |  |
| |
 | |
Calendar |  |
| |
 | |
ငွေကြေးလဲလှယ်နှုန်း |  |
| |
 | |
Social Bookmarks |  |
| |
 | |
Visitors |  |
| |
 | |
Entries archive |  |
| |
 | |
Mobile Application |  |
ဖုန်း Application များ freedownload ရယူနိုင်ပါသည်။
| |
 | |
စာအုပ်များ |  |
| |
 | |
Tag Board |  |
| |
 | |
|
Saturday, 2025-06-28, 10:41 AM
|
Welcome To Devil's King Site! |
Welcome Guest |
|
|
 |
Blog |
 |
|
Main » 2012 » July » 01
မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ခဲခြစ်ဂဏန်းအချို့
ပျက်ယွင်းနေပါက အစားထိုး လဲလှယ်ပေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ငွေဖြည့်ကတ် လျှို့ဝှက်နံပါတ်
ဖြည့်သွင်းရာတွင် Sandwitch နည်းပညာ အသုံးပြုထားကြောင်း သိရသည်။
ငွေဖြည့်ကတ်၏ လျှို့ဝှက်နံပါတ်ကို ခဲအုပ်ခြင်း မပြုလုပ်မီ ပလတ်စတစ်
တိပ်ပေါ်တွင် နံပါတ်ရိုက်ခြင်း အတွက် ယခု သုံးစွဲထားသည့် Sandwitch
နည်းပညာမှာ ခဲခြစ်ရာတွင် အထဲမှ နံပါတ်များ အလွယ်တကူ စုတ်ပြဲနိုင်သည်ကို
တွေ့ရှိရပြီး ဂဏန်း ၁၈ လုံးထဲမှ နှစ်လုံးနှင့်အထက် ပျက်ယွင်းသွားပါက
ငွေဖြည့် မရနိုင်တော့သည့် အဖြစ်များ မကြာခဏ ဖြစ်လေ့ရှိကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၎င်းငွေဖြည့်ကတ်များကို စစ်ဆေးပြီး ကိုယ်စားလှယ်
ကုမ္ပဏီမှတစ်ဆင့် အစားထိုး လဲလှယ်ပေးလျက် ရှိကြောင်း ယခု အသုံးပြုထားသည့်
Sandwitch နည်းပညာဖြင့် ရိုက်နှိပ်ခြင်းကို ပြန်လည် သုံးသပ်သင့်ကြောင်း
သိရသည်။
Category:
Hacking
|
Views:
287
|
Added by:
Snake
|
Date:
2012-07-01
|
|
ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင်ရန်
ဒုတိယအကြိမ် လျှောက်ထားသူများနှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန်
လျှောက်ထားသူများအား ဇွန်လအတွင်း လူတွေ့စစ်ဆေးမှုများ ပြုလုပ်သွားမည်
ဖြစ်ကြောင်း ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ ၂၂-၅-၂၀၁၂ ရက်တွင်
သိရသည်။ "ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ ပထမအကြိမ်က လျှောက်ထားသူ ၁၅၇
ဦး ရှိခဲ့ပါတယ်။ အဲဒီ ၁၅၇ ဦးအနက်က ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့
ရွေးချယ်ခြင်း မခံရတဲ့သူတွေကလည်း အလျဉ်းသင့်တဲ့ ဇာတ်ရုပ်နေရာတွေမှာ
သရုပ်ဆောင်ဖို့ ဇွန်လ ၂၈ ရက်နေ့ကျရင် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးကို
လာပြီး ဆက်သွယ် နိုင်ပါတယ်” ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး
အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ်
လျှောက်လွှာခေါ်ယူခဲ့ရာ လျှောက်ထားသူ ၈၈ ဦးရှိခဲ့ပြီး ထို ၈၈ ဦးအား ဇွန်လ
၁၂၊ ၁၃၊ ၁၄ ရက်များတွင် သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့က လူတွေ့ စစ်ဆေးသွားမည်
ဖြစ်ကြောင်း၊ ထို့ပြင် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန်
လျှောက်လွှာခေါ်ယူခဲ့ရာ အမျိုးသမီး ၄၆ ဦး လျှောက်ထားခဲ့ပြီး ထု
...
Read more »
|
မကာအို၊ ဇွန်လ (၂၉) ရက်နေ့ ။ ။
မကာအိုတွင် ရောဂါဖြစ်ပွားစေသော ကွင်းစက်ပုံ ပိုးတစ်မျိုး ယခုနှစ်အတွင်း
ပထမဆုံးအကြိမ် လူသို့ ကူးစက်ခံရကြောင်း အတည်ပြုခဲတယ်လို့ မကာအို ကျန်းမာရေး
ဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆင်ဟွာ သတင်းဌာနသို့
ပြောကြားခဲ့ပါတယ်။ အဆိုပါ ရောဂါ ဖြစ်ပွားနေသူဟာ အသက် ၅၄ နှစ် မကာအို
အမျိုးသားတစ်ဦး ဖြစ်ပြီး၊ သူဟာ အသားကင်ဆိုင်တွင် အလုပ်လုပ်ကာ၊ မကြာခဏ
ဝက်သားကို ကိုင်တွယ်လျက် အလုပ်လုပ်ပါတယ်။ ပြီးခဲ့သော တနလာင်္နေ့ (June 25) က
အဖျား ပြင်းထန်စွာ တက်လာတဲ့အတွက် ဒေသဆေးရုံသို့ ပို့ဆောင်လိုက်ပါတယ်။
လူနာရဲ့ ရောဂါလက္ခဏာများနဲ့ ဓာတ်ခွဲစမ်းသပ်ချက် အဖြေများကို အခြေခံပြီး
အဆိုပါ ဖြစ်ရပ်ဟာ (Streptococcus suis) ဟု ခေါ်သော ဝက်များတွင်သာ
တွေ့ရတက်သော ရောဂါ "ကွင်းစက်ပုံ ပိုးတစ်မျိုး” ကို တွေ့ရကြောင်း
ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ကြောင်း သိရပါတယ်။ (Streptococcus suis)
"ရောဂါဖြစ်ပွားစေသော ကွင်းစက်ပုံ ပိုးတစ်မျိုး” ဟာ မြေပဲပုံသဏ္ဍန်၊
Gram-positive ဘတ်တီးရီးယား ဖြစ်ပြီး၊ ဝက်ကို ရောဂါဖြစ်စေတတ်သော အဓိက
ပိုးတစ်မျိုးလည်း ဖြစ်
...
Read more »
|
ရခိုင်ပြည်နယ်
စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်း ကိုးခုသို့ ရုပ်ရှင်အနုပညာရှင်များ
သွားရောက်၍ ငွေကျပ်သိန်းကိုးရာကျော်နှင့် ထောက်ပံ့ပစ္စည်း ၉၂ထုပ်တို့အား
ဇူလိုင်လ ၁ ရက်နေ့တွင် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါလှူဒါန်းခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူး၍ နှင်းဆီအဖွဲ့သားများနှင့်ရုပ်ရှင်
အနုပညာရှင်များ တင်ဆက်ကပြသည့် ရခိုင်ပြည်နယ် ပြန်လည်တိုးတက်ဖွံ့ဖြိုးရေး
ရန်ပုံငွေကပွဲမှ ရရှိသည့်အလှူငွေများဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
|
ဇွန်လ ၂၉ ရက်။ ။ နိုင်ငံတော်၏ အမည်ကို ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်
သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း ရေးသား၊ ပြောဆို အသုံးပြုရေး အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည်
ဇွန် ၂၉ ရက်က အသိပေး အကြောင်းကြားစာ ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော် အမည်ကို ဘားမား (Burma) ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို
သုံးပြုနေမှုအား မြန်မာ (Myanmar) ဟုသာ ခေါ်ဆိုရန် အသိပေး အကြောင်းကြားစာကို
ဇွန် ၁ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပြီး
ဖြစ်သဖြင့် ယခုအခါ ဒုတိယအကြိမ် ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁)၊ ပုဒ်မ ၂ တွင်
"နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည် (The
state shall be known as The Republic of the Union of Myanmar)" ဟု
ပြဋ္ဌာန်း ထားပါသည်။ နိုင်ငံရေး ပါတီများနှင့် စပ
...
Read more »
|
ယခုလအတွင်း အင်တာနက် ကွန်ရက်ပေါ်၌ ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားနေသည်ဟု
နည်းပညာနယ်ပယ်မှ သိရှိရပြီး ဖေ့ဘုတ် ကဲ့သို့သော အင်တာနက် စာမျက်နှာများ၌
ဆိုက်ဘာ တိုက်ခိုက်မှုများ အတွက် အချင်းချင်း သတိပေးမှုများကို အပြန်အလှန်
ပြုလုပ်ဆောင်ရွက် လာကြသည်ဟု သိရှိရသည်။ "နိုင်ငံအနေနဲ့ တစ်နိုင်ငံနဲ့
တစ်နိုင်ငံ ချနေကြတာမျိုးကိုတော့ အားမပေးဘူး။ ဒီလိုမျိုးဆိုရင်
International Cyber Crime ဖြစ်သွားရော။ မဆီလျော်မှုတွေကို
တိုက်ခိုက်ချင်ရင် Underground အနေနဲ့ပဲ ကောင်းတယ်။ နိုင်ငံတော်အလံကို
အသုံးချပြီး နိုင်ငံအနေနဲ့ တံဆိပ်မျိုးကိုတော့ အားမပေးဘူး” ဟု
မန္တလေးမြို့မှ ကွန်ပျူတာလုပ်ငန်းရှင် အသင်းနာယက တစ်ဦးဖြစ်သည့်အပြင်
ကွန်ပျူတာပညာရှင်တစ်ဦးလည်း ဖြစ်သည့် ဦးရဲမြတ်သူက ဆိုသည်။ လက်ရှိအချိန်၌
ဖေ့ဘုတ်ကဲ့သို့သော ဆိုရှယ်အင်တာနက် စာမျက်နှာပေါ်တွင် မြန်မာနှင့်
ဘင်္ဂလားဒေရှ့်အကြား ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားနေသည်ဟု
ရေးသားဖော်ပြနေကြသည့်အပြင် ဘင်္ဂလားဒေရှ့်ဘက်မှ ပြုလုပ်ဖန်တီးထားသည့်
လင့်အချို့ကို ဖေ့ဘုတ်အသုံးပြုသူများ အနေဖြင့် ကလစ်မနှိပ်မိကြရန် အသိပေး
တားမြစ်လာခဲ့ကြောင်း နေ့စဉ် အင်တာနက် အသံ
...
Read more »
Category:
Hacking
|
Views:
258
|
Added by:
Snake
|
Date:
2012-07-01
|
| |
|
 |
|
 |
|
|