| Site Menu |  |
| |
 | |
| Section categories |  |
| |
 | |
| Search |  |
| |
 | |
| Login form |  |
| |
 | |
| Calendar |  |
| |
 | |
| ငွေကြေးလဲလှယ်နှုန်း |  |
| |
 | |
| Social Bookmarks |  |
| |
 | |
| Visitors |  |
| |
 | |
| Entries archive |  |
| |
 | |
| Mobile Application |  |
ဖုန်း Application များ freedownload ရယူနိုင်ပါသည်။
| |
 | |
| စာအုပ်များ |  |
| |
 | |
| Tag Board |  |
|
| |
 | |
|
Tuesday, 2026-08-04, 7:13 AM
|
| Welcome To Devil's King Site! |
Welcome Guest |
|
|
 |
Blog |
 |
|
Main » 2012 » July » 01 » မကာအိုတွင် ရောဂါဖြစ်ပွားစေသော ကွင်းစက်ပုံ ပိုးတစ်မျိုး ယခုနှစ်အတွင်း ပထမဆုံးအကြိမ် လူသို့ ကူးစက်ခံရကြောင်း အတည်ပြု
7:41 PM မကာအိုတွင် ရောဂါဖြစ်ပွားစေသော ကွင်းစက်ပုံ ပိုးတစ်မျိုး ယခုနှစ်အတွင်း ပထမဆုံးအကြိမ် လူသို့ ကူးစက်ခံရကြောင်း အတည်ပြု |
မကာအို၊ ဇွန်လ (၂၉) ရက်နေ့ ။ ။
မကာအိုတွင် ရောဂါဖြစ်ပွားစေသော ကွင်းစက်ပုံ ပိုးတစ်မျိုး ယခုနှစ်အတွင်း
ပထမဆုံးအကြိမ် လူသို့ ကူးစက်ခံရကြောင်း အတည်ပြုခဲတယ်လို့ မကာအို ကျန်းမာရေး
ဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆင်ဟွာ သတင်းဌာနသို့
ပြောကြားခဲ့ပါတယ်။ အဆိုပါ ရောဂါ ဖြစ်ပွားနေသူဟာ အသက် ၅၄ နှစ် မကာအို
အမျိုးသားတစ်ဦး ဖြစ်ပြီး၊ သူဟာ အသားကင်ဆိုင်တွင် အလုပ်လုပ်ကာ၊ မကြာခဏ
ဝက်သားကို ကိုင်တွယ်လျက် အလုပ်လုပ်ပါတယ်။ ပြီးခဲ့သော တနလာင်္နေ့ (June 25) က
အဖျား ပြင်းထန်စွာ တက်လာတဲ့အတွက် ဒေသဆေးရုံသို့ ပို့ဆောင်လိုက်ပါတယ်။
လူနာရဲ့ ရောဂါလက္ခဏာများနဲ့ ဓာတ်ခွဲစမ်းသပ်ချက် အဖြေများကို အခြေခံပြီး
အဆိုပါ ဖြစ်ရပ်ဟာ (Streptococcus suis) ဟု ခေါ်သော ဝက်များတွင်သာ
တွေ့ရတက်သော ရောဂါ "ကွင်းစက်ပုံ ပိုးတစ်မျိုး” ကို တွေ့ရကြောင်း
ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ကြောင်း သိရပါတယ်။ (Streptococcus suis)
"ရောဂါဖြစ်ပွားစေသော ကွင်းစက်ပုံ ပိုးတစ်မျိုး” ဟာ မြေပဲပုံသဏ္ဍန်၊
Gram-positive ဘတ်တီးရီးယား ဖြစ်ပြီး၊ ဝက်ကို ရောဂါဖြစ်စေတတ်သော အဓိက
ပိုးတစ်မျိုးလည်း ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ရောဂါပိုးဟာ
တိရစ္ဆာန်များတွင်သာ တွေ့ရတန်သော ရောဂါပိုးဖြစ်ကာ အခါအခွင့်သင့်သွားတဲ့
အချိန်တွင် ဝက်မှ လူသို့ ကူးစက်သွားနိုင်ကြောင်း သိရပါတယ်။ မကာအို
မှတ်တမ်းအရ (၂၀၁၁) ခုနှစ်တွင် (Streptococcus suis) ရောဂါ ဖြစ်ပွားသူ (၁)
ဦးနဲ့ (၂၀၁၀) ခုနှစ်တွင် (၃) ဦး ရှိခဲ့ပြီး၊ (၁) ဦး သေဆုံးခဲ့ကြောင်း
သိရှိရပါတယ်။
|
|
Category: International News |
Views: 294 |
Added by: Snake
| Tags:
| Rating: 0.0/0 |
|
 |
|
 |
|
|