Site Menu |  |
| |
 | |
Section categories |  |
| |
 | |
Search |  |
| |
 | |
Login form |  |
| |
 | |
Calendar |  |
| |
 | |
ငွေကြေးလဲလှယ်နှုန်း |  |
| |
 | |
Social Bookmarks |  |
| |
 | |
Visitors |  |
| |
 | |
Entries archive |  |
| |
 | |
Mobile Application |  |
ဖုန်း Application များ freedownload ရယူနိုင်ပါသည်။
| |
 | |
စာအုပ်များ |  |
| |
 | |
Tag Board |  |
| |
 | |
|
Saturday, 2025-06-28, 8:06 PM
|
Welcome To Devil's King Site! |
Welcome Guest |
|
|
 |
Blog |
 |
|
Main » 2012 » July » 01 » ဒေါ်အောင်ဆန်းစုကြည် Burma ဟု သုံးစွဲနေမှုအား ရွေးကောက်ပွဲ ကော်မရှင် ထပ်မံသတိပေး
10:15 AM ဒေါ်အောင်ဆန်းစုကြည် Burma ဟု သုံးစွဲနေမှုအား ရွေးကောက်ပွဲ ကော်မရှင် ထပ်မံသတိပေး |
ဇွန်လ ၂၉ ရက်။ ။ နိုင်ငံတော်၏ အမည်ကို ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်
သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း ရေးသား၊ ပြောဆို အသုံးပြုရေး အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည်
ဇွန် ၂၉ ရက်က အသိပေး အကြောင်းကြားစာ ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော် အမည်ကို ဘားမား (Burma) ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို
သုံးပြုနေမှုအား မြန်မာ (Myanmar) ဟုသာ ခေါ်ဆိုရန် အသိပေး အကြောင်းကြားစာကို
ဇွန် ၁ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပြီး
ဖြစ်သဖြင့် ယခုအခါ ဒုတိယအကြိမ် ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁)၊ ပုဒ်မ ၂ တွင်
"နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည် (The
state shall be known as The Republic of the Union of Myanmar)" ဟု
ပြဋ္ဌာန်း ထားပါသည်။ နိုင်ငံရေး ပါတီများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ပုဒ်မ ၄၀၅ (ခ) တွင် နိုင်ငံရေးပါတီတစ်ရပ်သည် ဤဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့် တည်ဆဲဥပေဒများကို လေးစားလိုက်နာရမည်ဟု ပြဋ္ဌာန်းထားပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (ဂ) ပါ" ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစား လိုက်နာရေး" ဆိုသည့် အချက်ကို
ပါတီမှတ်ပုံတင် လျောက်ထားစဉ်ကပင် ဝန်ခံချက် ပြုထားပြီး ဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သည် ထိုင်းနိုင်ငံတွင်
ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံ၌ ၁-၆-၂၀၁၂ ရက်နေ့က မိန့်ခွန်း
ပြောကြားရာတွင် မြန်မာနိုင်ငံကို Burma ဟု သုံးနှုန်း ပြောဆိုသွားကြောင်း
မီဒီယာများမှ တွေ့မြင် ကြားသိရပါသည်။
နိုင်ငံတော် အမည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် "နိုင်ငံတော်ကို
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည် (The state shall be
known as The Republic of the Union of Myanmar)" ဟု ပြဋ္ဌာန်းထားပြီးဖြစ်၍
Burma ဟု သုံးနှုန်းပြောဆိုခွင့် မရှိပါ။ နိုင်ငံတော်၏ အမည်ကို ရေးသားရာ၌
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအတိုင်း" ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် (The
Republic of the Union of Myanmar)" ဟု အသုံးပြုကြရန်နှင့် ပြောဆိုရာတွင်
မြန်မာ (Myanmar) ဟုသာ သုံးနှုန်း ပြောဆိုသွားရန် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က ၁-၆-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၄/နငရ-မပတ(၁)/ကမရ ဖြင့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ အသိပေး အကြောင်းကြားထားပြီး
ဖြစ်ပါသည်။ သို့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊
ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
သည် ဥရောပ ခရီးစဉ်အတွင်း မိန့်ခွန်းများ ပြောကြားရာ၌လည်း မြန်မာနိုင်ငံကို
Burma ဟုသာ သုံးနှုန်း ပြောဆိုနေကြောင်း မီဒီယာများမှ ကြားသိရပြန်ပါသည်။
သို့ဖြစ်ပါ၍ တရားဥပဒေ စိုးမိုးရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား
လိုက်နာရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၁၀ (ဌ)
နှင့်အညီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သို့ ၂၈-၆-၂၀၁၂ ရက်စွဲပါ
စာအမှတ်၊ ၄/နငရ-မပတ(၁)/ကမရဖြင့် နိုင်ငံတော်၏ အမည်ကို ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပါအတိုင်း သုံးနှုန်းရေးသား/ပြောဆိုရန် ထပ်မံအသိပေး အကြောင်းကြား
လိုက်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။ ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူ ဦးအုန်းကြိုင်က
"အဲဒီ့ကိစ္စက ဥက္ကဋ္ဌက သူဘယ်နေရာမှာ သုံးလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒါနဲ့
ပတ်သက်လို့ကတော့ ဥက္ကဋ္ဌ ကိုယ်တိုင် ပြောတာ ပိုကောင်းပါတယ်။ ဒီလို
သူသုံးနှုန်းခဲ့တာကလဲ သူ့မှာ အကြောင်းကိစ္စ ရှိမယ် ထင်ပါတယ်” ဟု ပြောသည်။
Yangon Media Group မှ ကောက်နှုတ် ဖော်ပြသည်။
|
Category: National News |
Views: 297 |
Added by: Snake
| Tags: ပြည်တွင်းသတင်းများ
| Rating: 1.0/100 |
|
 |
|
 |
|
|