| Site Menu |  |
| |
 | |
| Section categories |  |
| |
 | |
| Search |  |
| |
 | |
| Login form |  |
| |
 | |
| Calendar |  |
| |
 | |
| ငွေကြေးလဲလှယ်နှုန်း |  |
| |
 | |
| Social Bookmarks |  |
| |
 | |
| Visitors |  |
| |
 | |
| Entries archive |  |
| |
 | |
| Mobile Application |  |
ဖုန်း Application များ freedownload ရယူနိုင်ပါသည်။
| |
 | |
| စာအုပ်များ |  |
| |
 | |
| Tag Board |  |
|
| |
 | |
|
Thursday, 2026-08-06, 11:10 PM
|
| Welcome To Devil's King Site! |
Welcome Guest |
|
|
 |
Blog |
 |
|
Main » 2012 » July » 01 » ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ် လျှောက်ထားသူများနှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် လျှောက်ထားသူများအား ဇွန်လအတွင်း လူတွေ့စစ
7:44 PM ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ် လျှောက်ထားသူများနှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် လျှောက်ထားသူများအား ဇွန်လအတွင်း လူတွေ့စစ |
ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင်ရန်
ဒုတိယအကြိမ် လျှောက်ထားသူများနှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန်
လျှောက်ထားသူများအား ဇွန်လအတွင်း လူတွေ့စစ်ဆေးမှုများ ပြုလုပ်သွားမည်
ဖြစ်ကြောင်း ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ ၂၂-၅-၂၀၁၂ ရက်တွင်
သိရသည်။ "ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ ပထမအကြိမ်က လျှောက်ထားသူ ၁၅၇
ဦး ရှိခဲ့ပါတယ်။ အဲဒီ ၁၅၇ ဦးအနက်က ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့
ရွေးချယ်ခြင်း မခံရတဲ့သူတွေကလည်း အလျဉ်းသင့်တဲ့ ဇာတ်ရုပ်နေရာတွေမှာ
သရုပ်ဆောင်ဖို့ ဇွန်လ ၂၈ ရက်နေ့ကျရင် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးကို
လာပြီး ဆက်သွယ် နိုင်ပါတယ်” ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး
အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ်
လျှောက်လွှာခေါ်ယူခဲ့ရာ လျှောက်ထားသူ ၈၈ ဦးရှိခဲ့ပြီး ထို ၈၈ ဦးအား ဇွန်လ
၁၂၊ ၁၃၊ ၁၄ ရက်များတွင် သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့က လူတွေ့ စစ်ဆေးသွားမည်
ဖြစ်ကြောင်း၊ ထို့ပြင် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန်
လျှောက်လွှာခေါ်ယူခဲ့ရာ အမျိုးသမီး ၄၆ ဦး လျှောက်ထားခဲ့ပြီး ထို ၄၆ ဦးအား
ဇွန်လ ၁၉-၂၀ ရက်များတွင် သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့က လူတွေ့စစ်ဆေးမှုများ
ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ လူတွေ့စစ်ဆေးရန် မေလ ၂၂
ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးကို
ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းတွင် ကျင်းပခဲ့ကြောင်း၊
ထိုအစည်းအဝေးသို့ ဦးမိုးသူ၊ ဦးဇာဂနာ၊ ဦးစိမ်းနီ၊ ဦးမော်လင်း၊
ဦးမင်းထင်ကိုကိုကြီး၊ ကိုဝိုင်း၊ မကြည်ဖြူသျှင်၊ ကိုလူမင်း၊ ကိုဝေဠုကျော်၊
မထွန်းအိန္ဒြာဗို၊ ဦးဇော်သက်ထွေး၊ ဒေါ်အိအိခိုင်၊ ဦးအရိုင်း၊
ကိုသူရကျော်တို့ တက်ရောက်ခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအဖြစ်
သရုပ်ဆောင်ရန် ပထမအကြိမ် လျှောက်ထားသူ ၁၅၇ ဦးအနက်မှ ဗိုလ်ချုပ်နေရာတွင်
သရုပ်ဆောင်ရန် သရုပ်ဆောင် သုံးဦးကို ပထမအဆင့် ရွေးချယ်ထားကြောင်းလည်း
သိရသည်။
|
|
Category: အနုပညာ သတင်းများ |
Views: 235 |
Added by: Snake
| Tags:
| Rating: 0.0/0 |
|
 |
|
 |
|
|