Site Menu
Section categories
National News [13]
International News [1]
အနုပညာ သတင်းများ [1]
Hacking [30]
Search
Login form
Calendar
«  July 2012  »
Su Mo Tu We Th Fr Sa
1234567
891011121314
15161718192021
22232425262728
293031
ငွေကြေးလဲလှယ်နှုန်း
Social Bookmarks
Visitors
http://www.hitwebcounter.com
Fast Counter
Entries archive
Your IP&OS
  • IP

  • Mobile Application

    ဖုန်း Application များ freedownload ရယူနိုင်ပါသည်။
    စာအုပ်များ
    Photobucket
    မြန်မာဆိုက်များ
  • ရတနာပုံ
  • ယခင်သတင်းစာများဖတ်ရန်
  • ထီပေါက်စဉ်တိုက်ရန်
  • ညိုကြီး
  • လူဗိုလ်
  • ဟစ်တိုင်
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့သို.
  • မြန်မာ့အလင်း နေ.စဉ်
  • ရန်ကုန် တိုင်း(မ်)
  •ုမြန်မာတိုင်း(မ်)
  • အင်တာနက်ဂျာနယ်
  • Learning English
  • ပေါ်ပြူလာဂျာနယ်
  • khitlunge
  • Weather Forecast
  • M Talk
  • countrywatch
  • finance
  • channel-asia
  • myanmardaily.net/News
  • MRTV 4
  • hotnewsweekly
  • 7daynews
  • thevoiceweekly
  • WeeklyEleven
  • Tag Board

    Saturday, 2025-06-28, 5:11 PM

    Welcome To Devil's King Site!


    Welcome Guest
    Blog
    Main » 2012 » July » 01 » ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး အပြန်အလှန် သတိပေးခြင်းများကို ပြုလုပ်လာ By Internet Journal
    10:08 AM
    ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး အပြန်အလှန် သတိပေးခြင်းများကို ပြုလုပ်လာ By Internet Journal

    ယခုလအတွင်း အင်တာနက် ကွန်ရက်ပေါ်၌ ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားနေသည်ဟု နည်းပညာနယ်ပယ်မှ သိရှိရပြီး ဖေ့ဘုတ် ကဲ့သို့သော အင်တာနက် စာမျက်နှာများ၌  ဆိုက်ဘာ တိုက်ခိုက်မှုများ အတွက် အချင်းချင်း သတိပေးမှုများကို အပြန်အလှန် ပြုလုပ်ဆောင်ရွက် လာကြသည်ဟု သိရှိရသည်။ "နိုင်ငံအနေနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချနေကြတာမျိုးကိုတော့ အားမပေးဘူး။ ဒီလိုမျိုးဆိုရင် International Cyber Crime ဖြစ်သွားရော။ မဆီလျော်မှုတွေကို တိုက်ခိုက်ချင်ရင် Underground အနေနဲ့ပဲ ကောင်းတယ်။ နိုင်ငံတော်အလံကို အသုံးချပြီး နိုင်ငံအနေနဲ့ တံဆိပ်မျိုးကိုတော့ အားမပေးဘူး” ဟု မန္တလေးမြို့မှ ကွန်ပျူတာလုပ်ငန်းရှင် အသင်းနာယက တစ်ဦးဖြစ်သည့်အပြင် ကွန်ပျူတာပညာရှင်တစ်ဦးလည်း ဖြစ်သည့် ဦးရဲမြတ်သူက ဆိုသည်။ လက်ရှိအချိန်၌ ဖေ့ဘုတ်ကဲ့သို့သော ဆိုရှယ်အင်တာနက် စာမျက်နှာပေါ်တွင် မြန်မာနှင့် ဘင်္ဂလားဒေရှ့်အကြား ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားနေသည်ဟု ရေးသားဖော်ပြနေကြသည့်အပြင် ဘင်္ဂလားဒေရှ့်ဘက်မှ ပြုလုပ်ဖန်တီးထားသည့် လင့်အချို့ကို ဖေ့ဘုတ်အသုံးပြုသူများ အနေဖြင့် ကလစ်မနှိပ်မိကြရန် အသိပေး တားမြစ်လာခဲ့ကြောင်း နေ့စဉ် အင်တာနက် အသုံးပြုသူများက ပြောသည်။

     

    "ဒါဟာ တစ်ဦးတစ်ယောက်၊ အုပ်စုတစ်စုနဲ့သာ သက်ဆိုင်တဲ့ကိစ္စပါ။ ပြိုင်ဆိုင်မှုတွေ ခြိမ်းခြောက်မှုတွေဟာ နိုင်ငံအနေနဲ့ ထိခိုက်စရာ ဖြစ်လာခဲ့ရင်တော့ လက်ခံစရာမလိုဘူး ထင်တာပဲ။ တာဝန်ရှိသူတွေ အနေနဲ့ကလည်း ဒါကိုထိန်းသိမ်းသင့်တယ် ထင်တယ်။ နောက်ပြီး မကြာခင်မှာ ငွေကြေးဆိုင်ရာ လွဲပြောင်းမှုတွေ အွန်လိုင်းက လုပ်ဖို့ ရှိနေကြတယ်။ ဒီတော့ ဒါဟာ အနှောက်အယှက် တစ်ခုပဲလေ။ ဒီသံသရာက အပြီးသတ် ထွက်ဖို့ ဆိုတာကလည်း မလွယ်ဘူး။ မဖြစ်ကြတာ အကောင်းဆုံးပဲ။ စီးပွားရေး လုပ်ငန်းတွေလည်း နှောင့်နှေးတယ်။ အွန်လိုင်းဆိုတာမျိုးကလည်း သတင်းအချက်အလက်တွေ ရယူနိုင်တဲ့နေရာလေ။ ဒီလိုဖြစ်နေရင် အသုံးပြုသူတွေ အတွက်ရော အလုပ်လုပ်နေတဲ့လူတွေ အတွက်ကော မကောင်းဘူး” ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ဦးအောင်ဇော်မြင့်က ဆိုသည်။

    အင်တာနက်ကွန်ရက်ပေါ်၌ ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်အတွက် ဝက်ဘ်ဆိုက်စာမျက်နှာများ၊ ကိုယ်ပိုင်သတင်း အချက်အလက်များနှင့် ကိုယ်ပိုင်အကောင့်များကို လုံခြုံရေးအရ ဂရုစိုက်ရန် လိုအပ်ပြီး Antivirus Software များ၊ Spyware များ၊ Firewall များကို Update ပြုလုပ်ထားရန် လိုအပ်သည့်အပြင် မိမိမသိရှိသော Link များအား အမှတ်တမဲ့ ဝင်ရောက်မိခြင်း မရှိစေရန် အရေးကြီးကြောင်း အင်တာနက်ပုံမှန် အသုံးပြုသူများက ပြောသည်။ "ကိုယ့်နိုင်ငံက ဝက်ဘ်ဆိုက်တွေ အတိုက်ခံရတော့ တော်တော်မခံချင် ဖြစ်မိတယ်။ ဝက်ဘ်ဆိုက် အပြီးသတ် မလွှင့်ခင်မှာ လုံခြုံမှုပိုင်းကို အများကြီး လုပ်သင့်ကြတယ်။ DDOS Attack အပါအဝင် အခြား ဆိုက်ဘာတိုက်ခိုက်မှုတွေ မဖြစ်အောင် Cloud Sever ဆိုတာလည်း ထားသင့်တယ်” ဟု Soft Gate Myanmar Technology မှ ကိုရန်နောင်စိုးက ပြောသည်။

    ယခုလက်ရှိ ဆိုက်ဘာတိုက်ခိုက်မှုများကို သင်ခန်းစာယူ၍ နောက်လွှင့်တင်မည့် ဝက်ဘ်ဆိုက်များမှာ လုံခြုံမှုအပိုင်းကို အလေးထား ဆောင့်ရွက်သင့်ကြောင်း၊ ထို့အပြင် ဝက်ဘ်ဆိုက် တိုက်ခိုက်မှုများအတွက် အကာအကွယ်ပေးမည့် အဖွဲ့အစည်း တစ်ခုလည်း ရှိလာသင့်ကြောင်း ကိုရန်နောင်စိုးက ဆိုသည်။လက်ရှိ အပြန်အလှန်ဆိုက်ဘာတိုက်ခိုက်မှုများကို လေ့လာပါက နည်းပညာအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အားသာနိုင်ကြောင်း Myanmar ICD Development Organization အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဇော်ဇော်မျိုးလွင်မှ သုံးသပ်သည်။ "နှစ်ဘက်စလုံး အပြန်အလှန် တိုက်နေတာဟာ တကယ်တော့ Cyber Crime လို့ မြင်တယ်။ နိုင်ငံတကာမှာ ပြစ်မှုမြောက်တယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ရေးအရ တိုက်ခိုက်မှုအဖြစ် မြင်လာတယ်။ ပထမဆုံး မြန်မာပြည်က အဖွဲ့တစ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ရာမှာ သူတို့အဖွဲ့ကို မြန်မာပြည်ကလို့ အမည်ခံထားတယ်။ တကယ်မြန်မာနိုင်ငံမှာ နေလား မနေဘူးလား ဆိုတာလည်း မသိရဘူး။ အချင်းချင်း အပြန်အလှန် တိုက်ခိုက်လာတဲ့ အတွက် အကျိုးဆက်က မကောင်းဘူး။ ဝက်ဘ်ဆိုက်တွေ အနေနဲ့ လုံခြုံရေးဘက်ကို ဦးစားပေးဆောင်ရွက်ဖို့ အရေးကြီးလာပါတယ်” ကိုဇော်ဇော်မျိုးလွင် ဆိုသည်။

    မြန်မာ ဘလောဂါတစ်ဦးဖြစ်သည့် ကိုကိုရဲက အပြန်အလှန်အလှန် တိုက်ခိုက်နေခြင်းအားဖြင့် အဖြေထွက်ရှိမည် မဟုတ်ကြောင်း၊ အဆိုပါကဲ့သို့ တိုက်ခိုက်မှုများကြောင့် အင်တာနက် Traffic များလည်း ပိုမိုများပြားလာနိုင်ကြောင်း သုံးသပ်သည်။ ထို့အပြင် ပုံမှန် အသုံးပြုနေသော ဝက်ဘ်ဆိုက်များနှင့် အစိုးရဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံခဲ့ရခြင်းသည် နှစ်ဖက်စလုံးအတွက် နစ်နာမှုများ ဖြစ်ပွားနိုင်သည့် အပြင် လုံခြုံမှုပိုင်းဆိုင်ရာ အရ တရားဝင်မဟုတ်သည့် အတွက် တရားဥပဒေကို ထိခိုက်မှုဖြစ်စေသည်ဟု ကိုကိုရဲက ပြောသည်။ ပြည်တွင်း သတင်းဂျာနယ်တစ်စောင်၌ ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်နှင့် ဆန့်ကျင်ရေးသားနေသည့် ပြည်တွင်း၊ ပြည်ပ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်သွားမည့် Hacker အဖွဲ့တစ်ဖွဲ့ အကြောင်းကို ရေးသားဖော်ပြထားပြီး အခြားသော သတင်းဂျာနယ်တစ်စောင်၌ ပြည်တွင်းမှ တိုက်ခိုက်ခံခဲ့ရသည့် အစိုးရ ဝက်ဘ်ဆိုက်များနှင့် ပုဂ္ဂလိကဝက်ဘ်ဆိုက်များ အကြောင်းကို ရေးသားဖော်ပြထားသည်။ Bangladesh Cyber Army ၏ ဖေ့ဘုတ် စာမျက်နှာ၌ မြန်မာနိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်ခံရမှု အရေအတွက် ဝက်ဘ်ဆိုက် ၃၀ ကျော် ရှိလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

    Category: Hacking | Views: 259 | Added by: Snake | Tags: နည်းပညာသတင်းများ | Rating: 0.0/0
    Total comments: 0
    Name *:
    Email *:
    Code *:
    Copyright MyCorp © 2025 | Make a free website with uCoz