Site Menu
Section categories
National News [13]
International News [1]
အနုပညာ သတင်းများ [1]
Hacking [30]
Search
Login form
Calendar
«  July 2012  »
Su Mo Tu We Th Fr Sa
1234567
891011121314
15161718192021
22232425262728
293031
ငွေကြေးလဲလှယ်နှုန်း
Social Bookmarks
Visitors
http://www.hitwebcounter.com
Fast Counter
Entries archive
Your IP&OS
  • IP

  • Mobile Application

    ဖုန်း Application များ freedownload ရယူနိုင်ပါသည်။
    စာအုပ်များ
    Photobucket
    မြန်မာဆိုက်များ
  • ရတနာပုံ
  • ယခင်သတင်းစာများဖတ်ရန်
  • ထီပေါက်စဉ်တိုက်ရန်
  • ညိုကြီး
  • လူဗိုလ်
  • ဟစ်တိုင်
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့သို.
  • မြန်မာ့အလင်း နေ.စဉ်
  • ရန်ကုန် တိုင်း(မ်)
  •ုမြန်မာတိုင်း(မ်)
  • အင်တာနက်ဂျာနယ်
  • Learning English
  • ပေါ်ပြူလာဂျာနယ်
  • khitlunge
  • Weather Forecast
  • M Talk
  • countrywatch
  • finance
  • channel-asia
  • myanmardaily.net/News
  • MRTV 4
  • hotnewsweekly
  • 7daynews
  • thevoiceweekly
  • WeeklyEleven
  • Tag Board

    Saturday, 2025-06-28, 8:09 PM

    Welcome To Devil's King Site!


    Welcome Guest
    Blog
    Main » 2012 » July » 08 » Facebook hack ရအောင်။
    2:30 AM
    Facebook hack ရအောင်။
    အခုတလော ပိုစ့်မရေးဖြစ်တာလဲကြာပြီးတော့ အထူးသဖြင့် အားလုံး အာရုံရောက်နေတာ ကနိုင်ငံရေး  ဖြစ်တော့   ရောနှောမသွားခြင်တာကြောင့်ရယ်၊ကိုယ်ကိုတိုင်လဲ မအားတာနဲ့ ကြောင့် ပြီးတော့ CNF ( Chin National Front) ရဲ့ ဆွေးနွေးပွဲတွေ လိုက်တက်နေတာ စတာတွေနဲ့ ပိုစ့်ကိုမရေးဖြစ်တာပါ။
    ဒီလိုမရေးတာကြာတော့လဲ ဘာကိုစရေးရမှန်းမသိဘူး ဒါပေမဲ့ Facebook ကတော့ သိတဲ့အတိုင်းအမြဲသုံးနေ
    တော့ Facebook အကြောင်းလေးကိုဘဲ ရေးရင် စိတ်ဝင်စားကြမှာဘဲ ပြီးတော့ သတိထားသင့်တာတွေလဲ
    သတိထားဖြစ်သွားအောင်လို့ Facebook hacking ဆိုပြီးတော့ ခေါင်းစဉ်ပေးလိုက်တာပါ။
    ဆိုတော့ ကျွန်တော်အနေနဲ့တော့ ဘယ်လို facebook hack ရမလဲဆိုတာကိုတော့ မပြောပါဘူး။ ဒါပေမဲ့
    ဘယ်လို hack ခံရတက်သလဲ၊ ဆိုတာနဲ့ ဘယ်လိုကာကွယ်ရမလဲဆိုတာ ကိုရှင်းပြသွားချင်ပါတယ်။

    ၁၊ Keylogger (အလွယ်ဆုံးနဲ့ အခက်ဆုံး)
    Keylogger လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ အားလုံးသိကြမှာပါ။ ဒါပေမဲ့လဲ တကယ်တမ်း Computer အသုံးပြုတဲ့ အခါမှာ မေ့သွားတက်ကြလို့ ထပ်ပြီး သတိပြန်ပေးလိုက်တာပါ။ keylogger က နာမည်ကြီးတဲ့
    အတိုင်းဘဲ ထုတ်လုပ်သူတွေက အမြဲ Version အသစ်နဲ့ Antivirus တွေ မသိဘဲ အလုပ်လုပ်လို့ရအောင်လို့ Update လုပ်နေကြပါတယ်။ ဆိုတော့ Antivirus ရှိရုံနဲ့ စိတ်ချလို့မရပါဘူး။ ဒါပေမဲ့လဲ ကိုယ်နေ့တိုင်းအသုံး
    ပြုနေတဲ့ Computer မှာတော့ အလိုလိနေရင်းနဲ့ Keylogger ရောက်လာဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အရင်က ပိုစ့်မှာ ကျွန်တော်ပြောခဲ့သလိုဘဲ ကိုယ့်က သူများကို hack ချင်တာနဲ့ Hacking tools တွေ
    ကို ဘာမှမသိဘဲ လျှောက် Download လုပ်တဲ့ အခါမှာ ကိုယ့်က hacking tools လို့ထင်ပေမဲ့ တကယ်မှာ
    ကိုယ့်ကို ပြန်ပြီး Hack တဲ့ Keylogger ဖြစ်နေတဲ့ပါတယ်။ ဒါကြောင့်လဲ Hacking tools တွေကို သူ့တို့
    Original site ကနေပေးတဲ့ ဟာတွေဖြစ်ဖြစ် နာမည်ကြီးတဲ့ Site တွေ ယုံကြည်စိတ်ချင်ရတဲ့ Site တွေ
    ကမှ သာ Download ဖို့ အသိပေးခြင်ပါတယ်။ ဒီလိုပြောလို့ Hacking tools ကို Download လုပ်တာမဟုတ်
    ဘဲနဲ့  အခြား Email ထဲကိုရောက်လာတဲ့ attachment နဲ့ setup file တွေ Pirate software တွေကို ကိုယ့်က
    မသိဘဲ အလကားရလို့ Download လုပ်ခြင်းကနေပြီးတော့ တကယ် ကိုယ်လို့ချင်တဲ့ Software မဟုတ်ဘဲ
    Keylogger တို့ Virus,malware တို့ဖြစ်တက်ပါတယ်။ ဒီလို့ Keylogger က ကိုယ့်ရဲ့ Computer မှာ install
    လုပ်လိုက်တဲ့အခါ ဒီ Keylogger ကို ထည့်လိုက်တဲ့ သူက သူ့ရဲ့ Computer က ကိုယ့်ရဲ့ Computer မှာ
    လုပ်ဆောင်မှု အားလုံးကို Video ကြည့်သလို့မြင်နေရမှာဖြစ်ပြီး ကိုယ့် ရေးသလို စာသားတွေကိုလဲ Text file
    အနေနဲ့ အားလုံးရရှိသွားမှာ ဖြစ်ပါတယ် ဒီအခါမှ ကိုယ့်ရဲ့ Bank account,Email, facebook စတဲ့ အားလုံး
    ကို ဆုံးရှုံးသွားနိုင်ပါတယ်။
    Note:ဒါကြောင့် အထူးသဖြင့် သတိပေးချင်တာကတော့ 
    Pirate software တွေ၊ ကိုယ်မသိတခါမှ မသုံးဘူးတဲ့ Software တွေကို မယုံကြည့်ရတဲ့ website တွေက
    နေ Download မလုပ်ဖို့နဲ့၊ Software တိုင်းကို Install လုပ်တိုင်းမှာ ချက်ချင်းအသုံးပြုကြည့်ပြီး website
    မှာ ပြောထားတဲ့အတိုင်း အလုပ်မလုပ်ရင် ချက်ချင်းကို Uninstall လုပ်ပစ်ဖို့ အကြံဥာဏ်ပေးချင်ပါတယ်။

    ၂။ Phishing
    Phishing လို့ခေါ်တဲ့ fake login website ဖြစ်ပါတယ် ဒါကတော့
    https://www.facebook.com/ ဆိုပြီးတော့ facebook account ကိုမ၀င်ဘဲ၊ Google နေတဆင့်  facebook
    ကို လျှောက်ရှာပြီး Google ကနေ တဆင့်သွားတာတို့၊ Website တခုကိုဝင်ကြည့်ပြီး အဲဒီကနေ ဒီမှာ
    Facebook ကို သွားမယ် ဆိုပြီးစတာတွေကနေ Facebook ကို တဆင့်သွားခြင်အားဖြစ် Facebook ဆိုဒ်
    ကို တကယ်မရောက်ဘဲ Facebook နဲ့ တူအောင်လုပ်ထားတဲ့ တခြား Website အတုမှာရောက်ပြီး ကိုယ့်က
    ID နဲ့ password ကို ထည့်လိုက်ခြင်အားဖြင့် ဒီ website ပိုင်ရှင်က သင့်ရဲ့ Facebook အကောင့်ကို hack လိုက်
    မှာဖြစ်ပါတယ်။ အောက်ပါပုံ ကဲသို့ဖြစ်ပါတယ် ဒါကြောင့် www.facebook.com ဆိုပြီးတော့ ရိုက်သွားတာ
    အကောင်းဆုံးနဲ့ အလုံခြုံဆုံးဖြစ်ပါတယ်။
    ၃၊ Friend Request
    အခုထက်ထိအောင် အလုပ်လုပ်နေသေးတယ်လို့ထင်ပါတယ် ဒီဟာက လွယ်ကူတဲ့  facebook hacking နည်းတမျိုးဖြစ်ပါတယ်။ ဒါကတော့ Friend request တွေ ကိုယ့်ဆီကို လာတဲ့အခါမှာ ကိုယ်မသိရင် လက်မခံဖို့ပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ facebook ရဲ့ account recovery လုပ်တဲ့နေရာမှာ ကိုယ့်က password မေ့သွားခဲ့ရင် Facebook က  friends သုံးယောက်ကို select လုပ်ပြီး သူတို့ ဆီကို facebook ကနေ email ပို့ပြီးတော့ ဒီ password မေ့သွားတဲ့ ဟာကို ပြန် recovery လုပ်လို့ရပါတယ်။ ဒါကြောင့် ကိုယ့်က ကိုယ်မသိတဲ့ လူတွေ friend request လုပ်တာကို လက်ခံထားမိရင်၊ ဒီလိုလူတွေက  ကိုယ့်ထဲမှာ သူ့ရဲ့ facebook account သုံးမျိုးနဲ့ ကိုယ့်ကို add ပြီး Facebook password recovery လုပ်တဲ့နေရာ သူ့တို့က သူတို့ facebook account သုံးခုကို select လုပ်ပြီး password ကို reset လုပ်သွားနိုင်ပါတယ်။ ဒါကြောင့် Facebook မှာ friends လက်ခံတဲ့ နေရာမှာလဲ အထူး သတိပြုဖို့ လိုအပ်ပါတယ်။

    ဒီလောက်ဆို လုံလောက်မယ်ထင်ပါတယ်။မရှင်းတာရှိရင် လဲ email ပို့မေးနိုင်ပါတယ်။
    SBSangpi(စံပီး)
    Category: Hacking | Views: 478 | Added by: Snake | Tags: နည်းပညာ သတင်းများ | Rating: 0.0/0
    Total comments: 0
    Name *:
    Email *:
    Code *:
    Copyright MyCorp © 2025 | Make a free website with uCoz