Site Menu |  |
| |
 | |
Section categories |  |
| |
 | |
Search |  |
| |
 | |
Login form |  |
| |
 | |
Calendar |  |
| |
 | |
ငွေကြေးလဲလှယ်နှုန်း |  |
| |
 | |
Social Bookmarks |  |
| |
 | |
Visitors |  |
| |
 | |
Entries archive |  |
| |
 | |
Mobile Application |  |
ဖုန်း Application များ freedownload ရယူနိုင်ပါသည်။
| |
 | |
စာအုပ်များ |  |
| |
 | |
Tag Board |  |
| |
 | |
|
Saturday, 2025-06-28, 5:10 PM
|
Welcome To Devil's King Site! |
Welcome Guest |
|
|
 |
Blog |
 |
|
Main » 2012 » July » 08 » DNS Changer ဗိုင်းရပ်စ်ကြောင့် ဇူလိုင် ၉ ရက်တွင် ကမ္ဘာပေါ်မှကွန်ပျူတာအချို့အင်တာနက်ပြတ်တောက်ဖွယ်ရှိ
4:54 PM DNS Changer ဗိုင်းရပ်စ်ကြောင့် ဇူလိုင် ၉ ရက်တွင် ကမ္ဘာပေါ်မှကွန်ပျူတာအချို့အင်တာနက်ပြတ်တောက်ဖွယ်ရှိ |
လွန်ခဲ့သော တစ်နှစ်က ဒိုမိန်းအမည်ပေးစနစ်(DNS Changer)များတွင် ၀င်ရောက်တိုက်ခိုက်ခံထားရသော
ကွန်ပျူတာများကို အမေရိကန် အာဏာပိုင်များ၏ယာယီပြင်ဆင်ထားမှု ဇူလိုင်လ ၉ ရက်တွင်သက်တမ်း
ကုန် ဆုံးမည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာအသုံးပြုသူ သောင်းနှင့်ချီ၍အင်တာနက်ချိတ်
ဆက်မှုပြတ်တောက်ဖွယ်ရှိကြောင်းသိရသည်။ ယခုပြဿနာမှာ DNS Changer ဟု လူသိများသော
Malware ဗိုင်း ရပ်စ်တစ်မျိုးကို ဆိုက်ဘာရာဇ၀တ်မှုကျူးလွန်သူများက ဖန်တီးခဲ့ ပြီး ပစ်မှတ်ထားသည့်
Web Browser များ၏ ဒိုမိန်းအမည်စနစ် (DNS)များကို ကြားမှ ဖြတ်တောက်လမ်းလွှဲရာမှ ပေါ်ထွက်
လာခြင်းဖြစ်သည်။
ယင်းဗိုင်းရပ်စ်အား ဖြန့်ချိသော ကွင်းဆက်ကို ၂၀၀၇ ခုနှစ်တွင် ရှာတွေ့ခဲ့ပြီး ပြီးခဲ့သည့်နှစ်က အမေရိကန်
အက်ဖ်ဘီအိုင်အဖွဲ့၊ အက်စ်တိုးနီးယားရဲတပ်ဖွဲ့နှင့် အခြားဥပဒေရေးရာအဖွဲ့အစည်းများက ပိတ်ပင်ခဲ့သည်။
သို့သော် ယင်းဗိုင်းရပ်စ်ဝင်နေသည့် ကွန်ပျူ တာများမှာ ကမ္ဘာတစ်ဝန်း၌ ဇွန် ၁၁
ရက်အထိ လုံးရေ ၃၀၀၀၀၀ကျော်ရှိနေပြီး အမေရိကန်တွင်လုံးရေ ၆၉၀၀၀ နှင့်
အီတလီ၊ ဂျာမနီ၊ အိန္ဒိယ၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊သြစတြေးလျတို့မှ
ကွန်ပျူတာများမှာလည်း အဆိုပါစာရင်းတွင် ပါဝင်နေသည်ဟုယုံကြည်ရသည်။
တာဝန်ရှိသူများက မိမိ၏ ကွန်ပျူတာတွင် ယင်းဗိုင်းရပ်စ် တိုက်ခိုက်ခံထားရသည်ဟု ယူဆသူများအနေဖြင့်
DNS Changer ဗိုင်းရပ်စ်ဖြေရှင်းရေးဝက်ဘ်ဆိုက် www.dcwg.org သို့ ၀င်ရောက်စစ်ဆေးနိုင်
ကြောင်းဆိုထားသည်။ အင်တာနက်လုံခြုံရေးကုမ္ပဏီတစ် ခုဖြစ်သည့် Internet Identity လည်း
Fortune မဂ္ဂဇင်း၏ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၅၀၀ စာ ရင်းတွင် ပါဝင်သည့်ကုမ္ပဏီ ၅၈ ခုနှင့်အစိုးရဌာန
ကြီး ၅၅ ခုအနက်မှ ၂ ခုတွင် အနည်းဆုံး ကွန်ပျူတာ (သို့မဟုတ်) Router ၁ လုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံ
ထားရကြောင်းဆိုသည်။
သို့သော် အချို့သော တာဝန်ရှိသူများနှင့် ကွန်ပျူတာပြုပြင်ရေးကျွမ်းကျင်သူများကမူ အဆိုပါဗိုင်းရပ်စ်
တိုက်ခိုက်မှုများကြောင့် ဆိုးဆိုးရွားရွားထိခိုက်မှုမဖြစ်နိုင်ကြောင်း ပြောသည်။ အကယ်၍ ယင်းဗိုင်းရပ်စ်
ဝင်ရောက်ခဲ့ပါကလည်း ကွန်ပျူတာများရှိ ဗိုင်းရပ်စ်ကာကွယ်ရေးစနစ်များက သိရှိ၍ ရှင်းလင်းပြီးဖြစ်နိုင်
ကြောင်း အမေရိကန် နိုင်ငံမှ ကျွမ်းကျင်သူများက ပြောပါသည်။ အကယ်၍ ယင်းဗိုင်းရပ်စ်ဝင်ရောက်ခဲ့
ပါကလည်း ကွန်ပျူတာ ပြင်ဆင်ရေး ကျွမ်းကျင်သူများကို ဆက်သွယ်အကူအညီ တောင်းခံ၍ အလွယ်တကူ
ဖြေရှင်းနိုင်သည်ဟု ၄င်းတို့က ဆိုသည်။
—Ref: AFP
|
Category: Hacking |
Views: 477 |
Added by: Snake
| Tags: နည်းပညာ သတင်းများ
| Rating: 0.0/0 |
|
 |
|
 |
|
|