Site Menu
Section categories
National News [13]
International News [1]
အနုပညာ သတင်းများ [1]
Hacking [30]
Search
Login form
Calendar
«  July 2012  »
Su Mo Tu We Th Fr Sa
1234567
891011121314
15161718192021
22232425262728
293031
ငွေကြေးလဲလှယ်နှုန်း
Social Bookmarks
Visitors
http://www.hitwebcounter.com
Fast Counter
Entries archive
Your IP&OS
  • IP

  • Mobile Application

    ဖုန်း Application များ freedownload ရယူနိုင်ပါသည်။
    စာအုပ်များ
    Photobucket
    မြန်မာဆိုက်များ
  • ရတနာပုံ
  • ယခင်သတင်းစာများဖတ်ရန်
  • ထီပေါက်စဉ်တိုက်ရန်
  • ညိုကြီး
  • လူဗိုလ်
  • ဟစ်တိုင်
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့သို.
  • မြန်မာ့အလင်း နေ.စဉ်
  • ရန်ကုန် တိုင်း(မ်)
  •ုမြန်မာတိုင်း(မ်)
  • အင်တာနက်ဂျာနယ်
  • Learning English
  • ပေါ်ပြူလာဂျာနယ်
  • khitlunge
  • Weather Forecast
  • M Talk
  • countrywatch
  • finance
  • channel-asia
  • myanmardaily.net/News
  • MRTV 4
  • hotnewsweekly
  • 7daynews
  • thevoiceweekly
  • WeeklyEleven
  • Tag Board

    Sunday, 2025-06-29, 1:18 AM

    Welcome To Devil's King Site!


    Welcome Guest
    Blog
    Main » 2012 » July » 02 » နေ့ခင်းကြောင်တောင် မြဝတီရွှေဆိုင် ဓားပြမှု ဖမ်းဆီးနိုင်ရေး ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေ By Popular News
    2:03 PM
    နေ့ခင်းကြောင်တောင် မြဝတီရွှေဆိုင် ဓားပြမှု ဖမ်းဆီးနိုင်ရေး ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေ By Popular News
    မြဝတီမြို့လယ်ရှိ အင်ပါယာရွှေဆိုင်ကို စစ်သုံးမောင်းပြန် လက်နက်များ ကိုင်ဆောင်ထားသည့် အမည်မသိ လူသုံးဦးက သေနတ်များ ပစ်ဖောက်ကာ  ဝင်ရောက်စီးနင်း၍ ရွှေထည်ပစ္စည်း ၂ ပိဿာခွဲခန့်ကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

    မြန်မာထိုင်း နယ်စပ် လူစည်ကားရာ မြဝတီမြို့လယ် ဈေးအနီးရှိ မင်းအုံးဖေ ပိုင်ဆိုင်သည့် အင်ပါယာရွှေဆိုင်ကို အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မျက်နှာဖုံးစွပ် လူသုံးဦးက ဇွန် ၂၄ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဆိုင်ရှေ့သို့ ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်များ ထည့်ထားသည့် မှန်ဘီရိုကို ထုခွဲကာ ရွှေများ ယူဆောင်သွားခြင်း ဖြစ်သည်။ ဆိုင်ပိုင်ရှင် မင်းအုံးဖေက "သူတို့သေနတ်နဲ့ ဝင်လာတော့ ကိုယ်လည်း လန့်သွားပြီး ကြောင်တောင်တောင်နဲ့ ဘာလုပ်ရမှန်း မသိတော့ဘူး။ သူတို့ကား ထွက်သွားပြီးမှ မော်တော်ဆိုင်ကယ်နဲ့ လိုက်တာ မမီတော့ဘူး” ဟုပြောသည်။ အချိန် ၅ မိနစ်ခန့်သာကြာသည့် အင်ပါယာ ရွှေဆိုင် စီးနင်းခံရမှုတွင် ရွှေဆွဲကြိုး ၂၄၂ ကျပ်သားနှင့်အတူ မြန်မာငွေသိန်း ၃၀ နှင့် ထိုင်းဘတ်ငွေ ၂ သိန်းကို ဝင်ရောက် စီးနင်းသူများက ယူဆောင် သွားသည်ဟုလည်း ဆိုင်ပိုင်ရှင်က ပြောသည်။ လွတ်မြောက်သွားသည့် သေနတ်သမားများနှင့် ပတ်သက်၍ အခြေအနေကို သိရှိနိုင်ရန် အတွက် မြဝတီရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့ရာ "ဖြစ်စဉ်ကို စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်” ဟုသာ ပြောသည်။ ထိုအမှုဖြစ်စဉ်ကို မြဝတီ ရဲစခန်းမှ နံပါတ် ပ/ ၁၀၉ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်ဟု သိရပြီး ကရင်ပြည်နယ် အစိုးရ အဖွဲ့ရုံးကလည်း "ပြည်ထောင်စု အစိုးရအဖွဲ့ကို အဲ့ဒီကိစ္စ တင်ပြထားပြီးပါပြီ” ဟု တာဝန်ကျ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။ ထိုင်းနယ်ခြားစောင့် တပ်မှူးတစ်ဦး၏ အဆိုအရ မြဝတီမြို့ အင်ပါယာရွှေဆိုင်ကို ဝင်ရောက် စီးနင်းခဲ့သည့် သေနတ်သမားများ ဖမ်းဆီးနိုင်ရေး အတွက် ပူးပေါင်း ကူညီမှုများ ပေးနိုင်ရန် မြဝတီခရိုင် အာဏာပိုင်များက မြဝတီ-မဲဆောက်မြို့နယ် အဆင့် နယ်ခြားကော်မတီ (TBC) ထိုင်းဘက်သို့ အကြောင်းကြားစာ ပေးပို့ထားသည်ဟု သိရသည်။ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ဇွန်လအတွင်းက မြဝတီမြို့လယ်ရှိ ဦးထွန်းအောင် ပိုင်ဆိုင်သည့် ရွှေဆိုင်ကို အမည်မသိ သေနတ်သမားတစ်ဦးက နေ့အချိန်တွင် ဝင်ရောက်စီးနင်းမှု တစ်ရပ် ဖြစ်ပွားခဲ့ရာ ရွှေထည်အလေးချိန် ၅၀ သားကျော်ကို ယူဆောင်သွားပြီး အဆိုပါ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးဟု သိရသည်။
    Category: National News | Views: 272 | Added by: Snake | Tags: ပြည်တွင်းသတင်းများ | Rating: 0.0/0
    Total comments: 0
    Name *:
    Email *:
    Code *:
    Copyright MyCorp © 2025 | Make a free website with uCoz